ကိုယ့်ချစ်သူနဲ့ ‘ငွေ’ စကားပြောရမယ်…

ငွေရေးကြေးရေး ကိစ္စ ပြောဆိုရတာဟာ စုံတွဲများအကြား ဆက်ဆံရေးရဲ့ နောက်ဆုံးအခြေအနေ ဖြစ်တတ်ပါတယ်၊ ဒါကို ပျော့ကွက် အားနည်းချက် တစ်ခုလို ခံစားရပါတယ်၊ ဘယ်တော့မှ မပြောလို့တော့လဲ မဖြစ်ပါဖူး။

Relationships Australia ရဲ့ သုတေသနပြု လေ့လာချက်အရ စုံတွဲများ ဆက်ဆံရေး ပျက်ပြားရခြင်း အဓိက အကြောင်း ၄ ချက်ကို တွေ့ပါတယ်။ အဲဒါတွေကတော့ – ငွေကြေး ပူပင်ရခြင်း၊ ဆက်သွယ်မှု အခက်အခဲ၊ မတူညီတဲ့ မျှော်လင့်ချက်များနဲ့ ယုံကြည်မှု အားနည်းခြင်းများ ဖြစ်ကြပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ ဆိုရင် စုံတွဲများဟာ ငွေရေးကြေးနဲ့ ပတ်သက်လို့ ပျမ်းမျှခြင်းအားဖြင့် တစ်လကို ၃ ကြိမ် စကားများကြရပါတယ်။ အံ့အားသင့်စရာ ကောင်းတာက- ၅၅ ရာခိုင်နှုံးသော ရေရှည်အတူ ဆက်ဆံနေကြတဲ့ သမီးရည်းစား၊ လင်မယား စုံတွဲများဟာ ငွေရေးကြေးရေး အကြောင်း စကားပြော ညှိနှိုင်းတိုင်ပင်ဖို့ သတ်သတ်မှတ်မှတ် မရှိကြပါဖူး။

Relationships Australia ရဲ့ ဆက်ဆံရေး ကျွမ်းကျင်သူ Lyn Fletcher က ပြောတာမှာ – စုံတွဲများ အကြား ငွေရေးကြေးရေးနဲ့ ပတ်သက်လို့ ဆွေးနွေး တိုင်ပင်ပြီ ဆိုရင် စကားများ ငြင်းခုံခြင်းနဲ့ အဆုံးသတ်ကြတာ များပါတယ်။ ဒါဟာဖြင့် ငွေရေးကြေးရေး ကိစ္စ မပြောဖြစ်အောင် ရှောင်ဖယ်ဖြစ်တာ၊ သို့မဟုတ် ဒီအရေးကြီးတဲ့ အကြောင်းအရာကို ပြောဖို့မှာ တစ်လျှောက်လုံး ခက်ခဲသွားခြင်း ဖြစ်ပါတော့တယ်။

တကယ်တော့ ဒါဟာ ငွေရေး ကြေးရေး တစ်ခုတည်း သက်သက် မဟုတ်ပါဖူး၊ ငွေဟာ ဘာကို ကိုယ်စားပြုသလဲ ဆိုတာပါ၊ ဘဝရဲ့ လမ်းကြောင်း၊ မျှော်လင့်ချက်နဲ့ မျှော်မှန်းချက်တို့ ဖြစ်ပါတယ်။ ငွေရေးကြေးရေး ကိစ္စ ပြောဆိုရတာဟာ စုံတွဲများအကြား ဆက်ဆံရေးရဲ့ နောက်ဆုံးအခြေအနေ ဖြစ်တတ်ပါတယ်၊ ဒါကို ပျော့ကွက် အားနည်းချက် တစ်ခုလို ခံစားရပါတယ်၊ ဘယ်တော့မှ မပြောလို့တော့လဲ မဖြစ်ပါဖူး။

ဒါ့ကြောင့် Lyn Fletcher က အကြံပြုတာမှာ ချစ်သူကြား ငွေရေးကြေးရေး ကိစ္စ စကားပြောဖို့မှာ အချိန်အခါ ရွေးတတ်ဖို့လိုပါတယ်၊ ဖိစီးမှု မရှိတဲ့ အချိန်မျိုးမှာ ပြောသင့်ပါတယ်။

ချစ်သူနဲ့ ချိန်းဆိုပြီး ငွေရေးကြေးရေး ကိစ္စကို စီးပွားရေး အတွက် တွေ့ဆုံပြီး စကားပြောတဲ့ ပုံစံမျိုး ပြောဆိုဖို့ သူကမှာပါတယ်။ နှစ်ဦး နှစ်ဖက် သက်တောင့်သက်သာ ရှိမဲ့ နေရာမျိုးကို ရွေးချယ်ပြီး တစ်ယောက်နဲ့ တစ်ယောက် စကားပြော နားထောင်နိုင်မဲ့ အချိန်လုံလုံ လောက်လောက် ရှိဖို့လဲ လိုပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ကွာခြားချက်တွေ အတွက် နေရာပေးပြီး နှစ်ဦးနှစ်ဖက် ဆက်ဆံရေးအပေါ်မှာ ငွေကို ဘယ်လို ဘယ်နည်း ကိုင်တွယ်ကြမယ် ဆိုတာ အဖြေရှာကြရပါမယ်။

ငွေရေးကြေးရေးနဲ့ ဆွေးနွေးတဲ့ အခါမှာတော့ အောက်ပါအတိုင်း ဖွဲ့စည်းထားတဲ့ ဆွေးနွေးမှုမျိုး ဖြစ်သင့်ပါတယ်လို့လဲ သူက အကြံပြုထားပါတယ်။

  • ဆက်ဆံရေးရဲ့ မျှော်မှန်းချက်

အိမ်ထောင်ပြုဖို့၊ ကျောင်းဆက်တက်ဖို့၊ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ဖို့၊ အိမ်ဝယ်ဖို့၊ ကလေးမွေးဖို့၊ စသည်ဖြင့် ရှေးဦးစွာ နှစ်ဦးသဘောတူညီချက် ယူရပါမယ်။

  • လက်ရှိငွေရေး ကြေးရေး အခြေအနေ

ပေးစရာ ရှိတဲ့ အကြွေး၊ လက်ထဲမှာ ပိုင်ဆိုင်မှု အနေအထား၊ ဝင်ငွေများကို အကုန်ချတွက်ပြီး ကိုယ်ဘယ်အခြေအနေ ရှိနေတယ်ကို ကြည့်ကြရပါမယ်။

  • ငွေစုဆောင်းခြင်းနဲ့ ငွေသုံးစွဲခြင်း အတွေ့အကြုံ

တစ်ဦးနဲ့ တစ်ဦးဟာ ငွေကြေးနဲ့ ပတ်သက်လို့ ဘယ်လို စုဆောင်းရတယ်၊ ဘယ်လို သုံးစွဲတယ် ဆိုတာ မတူညီကြပါဖူး၊ ဒါ့ကြောင့် တစ်ယောက်နဲ့ တစ်ယောက် မျှော်မှန်းချက်အတွက် ဘယ်လို စုဆောင်းကြမယ်၊ ဘယ်လို သုံးစွဲကြမယ် ဆိုတာ ညှိနှိုင်းယူရပါမယ်။

  • တစ်ဦးခြင်းနဲ့ ပူးပေါင်းခြင်း

ငွေကို တစ်ဦးခြင်းစီ ခွဲထားမလား၊ ပူးပေါင်းထားမလား၊ ဘယ်သူက အဓိက ပေးစရာ ငွေများကို ကိုင်တွယ်မလဲ၊ ဘယ်လို ကိုင်တွယ် သုံစွဲကြမလဲ ဆိုလဲ ပွင့်ပွင့်လင်းလင်း မရှက်ဘဲ ဆွေးနွေး ကြရပါမယ်။

Reference:

13-016MR Make a date to talk about money 2013, accessed 02 Feb 2019, <https://asic.gov.au/about-asic/news-centre/>


Share this:

Leave a Reply

Your email address will not be published. Required fields are marked *