ဒီလိုမပြောရဖူးလေ…တဲ့

အမိန့်အရ တပ်မတော်ထောက်ခံပွဲ ပြုလုပ်ဟုဆို

အမိန့်အရ တပ်မတော်ထောက်ခံပွဲ လုပ်တာလို့ဆို#MizzimaTVလူအင်အား ငါးရာခန့်ရှိတဲ့ နေပြည်တော်စစ်မှုထမ်းဟောင်းအဖွဲ့က ပျဉ်းမနားမြို့၊ ယခင်ကားကြီးဝင်းအဟောင်းနေရာမှာ ဒီကနေ့ကမနက်ပိုင်းက တပ်မတော်ထောက်ခံပွဲ ပြုလုပ်ခဲ့ကြတာပါ။(ရိုက်ကူး- မင်းမင်း/မဇ္ဈိမ)သတင်းအပြည့်အစုံ-http://www.mizzimaburmese.com/article/54174

Posted by Mizzima – News in Burmese on Tuesday, 22 January 2019
Mizzima – News in Burmese

နေပြည်တော် စစ်တပ်ထောက်ခံပွဲ ပြုလုပ်နေသည့် နေရာတွင် မဇ္စျိမ သတင်းဌာနမှ ဗီဒီယိုအင်တာဗျူး လုပ်စဥ်-

ဗိုလ်ကြီး ရန်မျိုးဝင်း(ငြိမ်း) – “တပြည်လုံးက လုပ်နေဆိုတော့ ကျွန်တော်တို့ ကျန်တာက နေပြည်တော် ကျန်နေတယ်၊ အဲဒီတော့ နေပြည်တော်ဟာ လုပ်ရမယ် ဆိုတဲ့ အမိန့်နဲ့ ကျွန်တော်တို့ လုပ်တာပါ။ လုပ်ရမယ်ဆိုတာ ကျွန်တော်တို့ စစ်မှုထမ်းဟောင်း ဗဟိုက ညွှန်ကြားတာပါ။”

ဘေးမှဝင်လာသူ – “အဲဒီလိုကြီးမပြောရဖူးလေ ခင်ဗျား…”

ဗိုလ်ကြီး ရန်မျိုးဝင်း(ငြိမ်း) – “ဘယ်လိုပြောရမှာလဲ?”

ဘေးမှဝင်လာသူ – “နေပြည်တော် စစ်မှုထမ်းဟောင်းရုံးက ကိုယ့်ဖာသာကိုယ် လုပ်တယ်လို့ ပြောကွာ။”

ဗိုလ်ကြီး ရန်မျိုးဝင်း(ငြိမ်း) – “နေပြည်တော် စစ်မှုထမ်းဟောင်း တိုင်းကြီးကြပ်ရေးက ဟိုဟွာပေါ့… တာဝန်ပေးချက် အရပေါ့နော်… ကျွန်တော်တို့ လုပ်တာပါ၊ အဲလောက်ပါဘဲ။”

Share this:

Leave a Reply

Your email address will not be published. Required fields are marked *