ယုတ်မာသူနဲ့ သူယုတ်မာ
မှတ်သား စရာကောင်းတဲ့ ငါးရာ့ငါးဆယ် နိပါတ်တော်လာ ပုံပြင်လေး တပုဒ်၊ ခေတ်ကာလ အခါနဲ့ အညီ တိုက်ဆိုင်ပြီး ကောင်းတဲ့ ဥပမာလေး တစ်ခုမို့လို့ ထပ်ဆင့် ဖြန့်ဝေလိုက်ပါတယ်။
Posted by Zarni Tike on Wednesday, 23 January 2019
ခြင်္သေ့တစ်အုပ် တောထဲမှာ ဗိုလ်လုပ်နေကြတယ်။ အားကြီးသူတွေဟာ ဗိုလ်လုပ်နိုင်တာ အဆန်းတော့ မဟုတ်ပေါင်။ ပြဿနာက အားနည်းပြီး ဗိုလ်လုပ်ချင်တော့ကောင်
အဲဒီတောထဲမှာပဲ မြေခွေးတစ်ကောင်ရှိတယ်။ ခွေးထဲမှာ ဒီခွေးက ကိုယ်စွမ်းကိုယ်စနည်းတော့ ဘာလုပ်ရင် ကောင်းမလဲ စဉ်းစားတယ်။
ဖြစ်ချင်တာက ခြင်္သေ့ … ဖြစ်နေတာက ခွေး။ ခြင်္သေ့တွေလို အစွယ်အား၊ လက်သည်းအားတွေနဲ့ သားကောင်ကို တစ်ချက်တည်း သတ်ချင်နေတာ။ ဒါပေမဲ့ ခွေးက ခွေးပဲလေ
ကိုယ့်အမျိုးထဲမှာ သာမန်ခွေး လုပ်နေရတာထက် ခြင်္သေ့ကိုပေါင်းပြီး ခြင်္သေ့ခွေး လုပ်လိုက်ရရင်လို့ အဲဒီခွေးက အကြံဖြစ်မိတယ်။ ခွေးကျင့်ခွေးကြံပေါ့လေ
ဒီလိုနဲ့ တစ်နေ့တော့ မနောဇလို့ခေါ်တဲ့ ခြင်္သေ့လာရာလမ်းမှာ ဝပ်ပြီးတော့ ခစားနေတာ
“ဟဲ့ မြေခွေး … ဘာလုပ်နေတာလဲ”
“မှန်လှပါ … တောလုံးရဲ့သခင် … တောင်တွေရဲ့အရှင် … သတ္တဝါအားလုံးရဲ့ ဘုရင်ဖြစ်တော်မူသော အရှင် မင်းကြီးကို ခစားလိုသောကြောင့် ဝပ်တွားနေပါတယ်ဘုရား”
အင်း … ခြင်္သေ့ဆိုတဲ့ကောင်တွေကလည်း ဘုရင်ရူးတွေဆိုတော့ မနောခွေ့သွားတာပေါ့
“အင်း … နင့်ပုံစံက အခြားမြေခွေးတွေနဲ့မတူ … ကိုင်း … ကိုင်း လိုက်ခဲ့ ငါ့ဆီမှာခစားရင်တော့ အကြွင်းအကျန်လေးများ စားရမှာပေါ့”
“ဝမ်းမြောက်လှကြောင်းပါဘုရား”
ဒီလိုနဲ့ ခွေးက ခြင်္သေ့နဲ့ပေါင်းပြီး နေ့ချင်းညချင်း ကောင်းစားသွားပြီ
မနောဇကို သူ့ဖခင်က သတိတော့ အပေးသား
“ချစ်သား … ခွေးဆိုတာ သတိထား” တဲ့
ခွေးဇာတိပြလာပြီ။ တစ်နေ့တော့ မနောဇကို
“အရှင်မင်းကြီး တောတွင်းသားတွေကို စားနေရတာ အရသာ မရှိပါဘုရား … ဟိုး မြစ်နားမှာ ရေချိုးနေတဲ့ မြင်းတွေကမှ အရသာရှိတာပါဘုရား”
ခွေးစကား နားယောင်ပြီး မနောဇက မြင်းကိုသွားကိုက်လာတယ်။
မနောဇဖခင်က
“မင်းတော့မှားပြီ။ မြင်းဆိုတာ လူဘုရင်ရဲ့ စီးတော်ယာဉ်ပဲ။ လူတွေက မင်းကို ဒုက္ခပေးတော့မယ်”
“မကြောက်ပါနဲ့ဖခင် … သားရဲ့ ဘေးမှာ ခွေးတစ်ကောင်လုံးရှိနေတယ်။ ပြဿနာဖြစ်လာရင် သူ့ကို ရှေ့တန်းတင်ပြီးတော့သာလွှတ်လိုက်ရင် ပြီးပါလိမ့်မယ်”
ဘုရင့်မြင်း ခြင်္သေ့ကိုက်တယ်သိတော့ မြင်းတွေကို မြစ်ဆိပ် မလွှတ်တော့ဘူး။ မြို့ထဲမှာ ရေကန်တူးပြီး မြင်းထိန်းနဲ့ ထားတယ်။ ခွေးက ထပ်မြှောက်ပေး။ မြို့ထဲကို ဝင်ကိုက်တယ်။ နောက်ဆုံး လေးသမားနဲ့ နေ့ည အစောင့်ထားပြီး ဖမ်းဖို့ စီစဉ်တယ်။ မြို့ထဲကို ခြင်္သေ့ကအဝင် လေးသမားက လေးနဲ့ပစ်လို့ ခြင်္သေ့ မနောဇ သေတယ်။
ခြင်္သေ့အော်သံကြားတော့ ခွေးက ပြေးတယ်
ဘုရားဟော ဇာတ်လေးပါ။ ဘုရားက ဘယ်လိုဟောသလဲဆိုတော့
မိမိအောက် ယုတ်တဲ့သူကိုပေါင်းရင် ပိုပိုပြီး ယုတ်မာလာတတ်တယ် ၊မိမိနဲ့ တန်းတူကိုပေါင်းရင် ဘယ်တော့မှ မယုတ်မာဘူး၊ မိမိထက် မြတ်သောသူကိုပေါင်းရင် ပိုပြီးမြင့်မြတ် တိုးပွားလာလိမ့်မယ်တဲ့၊ ယုတ်မာသူနဲ့ သူယုတ်မာတို့ကတော့ ပေါင်းနေကြပြီ။
ဘယ်တော့လေးသံကြား … ဘယ်တော့ ကိန်သံကြား ရမလဲတော့မသိဘူး။
(ရည်ညွှန်း – ငါးရာ့ငါးဆယ်နိပါတ်တော်၊ မနောဇဇာတ်)
မူရင်း … ဆရာတင်ညွန့်
Share this:
Leave a Reply
Your email address will not be published. Required fields are marked *