အတွေးအမြင်

ထူးချွန်ဆုလား? ပရိသတ်ကြိုက်ဆုလား?

ရုပ်ရှင်ပညာ ထူးချွန်ဆု ဆိုတာ ပရိသတ် အကြိုက် လိုက်ပေးစရာ မလိုပါဖူး၊ အရည်အသွေးကို အကဲဖြတ်ပြပြီး ပညာရှင်နဲ့ ပရိသတ်ရဲ့ အဆင့်အတန်းကို မြှင့်တင်ပေးဖို့သာ ဖြစ်ရမှာပါ။ ဥပမာ – စိန်ကျောက် အကြောင်းကို နားလည်ရင်တော့ နားလည်တဲ့ သူက အကဲဖြတ်ပေးတဲ့ အခါ၊ ဝယ်တဲ့သူ ရောင်းတဲ့သူက တန်ဖိုးကို သတ်မှတ်တတ်သလိုပါဘဲ။

ဘာသာရပ် တစ်ခုမှာ ထူးချွန်ဆု ပေးတဲ့ အခါ အဲဒီ ဘာသာရပ်ကို ကျွမ်းကျင်တဲ့ ပညာရှင်တွေက အကဲဖြတ်ပြီး ထူးချွန်တဲ့ သူကို ဆုချီးမြှင့်တာ ဖြစ်ကြပါတယ်။ မြန်မာ့ ရုပ်ရှင် အကယ်ဒမီဆု ဆိုတာကတော့ ရုပ်ရှင် ထူးချွန်ဆုလား၊ ရုပ်ရှင် အောင်မြင်တဲ့ဆုလား၊ ဒါမှ မဟုတ် ပရိသတ် အကြိုက် ရွေးချယ်ပေးကြတဲ့ ‘Got Talent’ လို ဆုမျိုးလား ဆိုတာတော့ မှန်းဆရ ခက်ပါတော့တယ်။

အပြည့်အစုံဖတ်ရန်
အတွေ့အကြုံ

‘မြန်မာ’ ဆို ဘယ်သူသိမှာလဲ?

သြစတေးလျမှာတော့ အခုထက်ထိပင် မြန်မာဆိုတာကို သာမာန် လူ ၁၀ ယောက်မှာ ၈ ယောက်လောက်က ကြားပင် မကြားဖူးကြပါဖူး။ ဘယ်နားရှိတယ်ဆိုတာ ရှင်းပြရင်တောင် မြန်မာ ဆိုတာ ‘နိုင်ငံ’ လား? ဒါမှမဟုတ် တရုတ်၊ အိန္ဒိယ ရဲ့ ပြည်နယ်လား? လို့မေးကြပါသေးတယ်။

ပြည်ပနိုင်ငံများမှာ နေလာတာ ကြာတဲ့အခါ မိမိကို – ‘ဘယ်ကလာသလဲ?’ လို့ မေးခွန်း အမေးခံရမှာ ကြောက်တတ်လာပါတော့တယ်။ အမှန်မှာ မြန်မာပြည်က လာတယ်လို့ ဖြေရမှာ ရှက်စရာ ဖြစ်လို့၊ သိမ်ငယ် စရာဖြစ်လို့ မဟုတ်ပါဖူး။ မြန်မာပြည်ဆိုတာ ဘယ်ဆီဘယ်နား ရှိတယ် ဆိုတာ မသိကြတဲ့ အတွက် ရှည်ရှည်ဝေးဝေး ရှင်းပြနေရတဲ့ အတွက်ကြောင့်သာ ဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
အတွေးအမြင်

ကျွဲအိုင်ထဲက ဖားကလေး

မိမိတို့ မြန်မာပြည်ဟာဖြင့် အဖက်ဖက်က နိမ့်ပါးနေတယ်၊ လိုအပ်နေတယ်။ ဒါကို အမှန်အတိုင်း လေ့လာသုံ့သပ်ပြီး အဆင့်အတန်း မြှင့်တင်ဖို့ ဆိုတာ လိုအပ်ချက်တွေကို ရှာဖွေရမယ်၊ ဆည်းပူးရမယ်၊ စုဆောင်းကြရမှာပါ။

မြန်မာ့ ရုပ်ရှင်ဟာ ဟောလီးဝုဒ်တို့ ဘောလီးဝုဒ်တို့ မဆိုထားနဲ့ အိမ်နားနီးချင်း ထိုင်းနိုင်ငံနဲ့ ယှဥ်ပြိုင်မယ် ဆိုရင်တောင် တော်တော်လေး ခေတ်နောက်ကျနေပေမဲ့ ‘ဆင်ဆာကြောင့်၊ ပစ္စည်းကြောင့်၊ စျေးကွက်ကြောင့်’ ဆိုတဲ့ ဆင်ခြေတွေနဲ့ ဆိုရင်ဖြင့် ကိုယ့်ဖာသာကိုယ် အထင်ကြီးနေတဲ့ ကျွဲအိုင်ထဲက ဖားကလေး တစ်ကောင်လို ဖြစ်နေပါတော့မယ်။

အပြည့်အစုံဖတ်ရန်
အလည်အပတ်

၂၀၁၉ စစ်ဒနီမြို့ တရုတ်နှစ်သစ်ကူးပွဲ

သြစတေးလျနိုင်ငံ စစ်ဒနီမြို့၊ ဒါလင်ဟားဘား ဆိပ်ကမ်းမှာ ပြုလုပ်တဲ့ တရုတ် နှစ်သစ်ကူး မီးထွန်းပွဲတော်ကို သွားရောက်ခဲ့စဥ်က ရိုက်ကူးထားသည့် ဓါတ်ပုံများ။

ဖွင့်ကြည့်ရန်
လေ့လာသုံ့သပ်ချက်

အရှေ့နဲ့ အနောက်

အနောက်တိုင်းသားများသည် ခေါင်းဆောင်မှာ အသင်းအဖွဲ့ဝင် တစ်ဦး ဖြစ်သည်ဟု သတ်မှတ် ဆက်ဆံသည်။ အရှေ့တိုင်းသားများသည် ခေါင်းဆောင်မှာ ကြောက်ရွံ့ရိုသေရမည့် ပုဂ္ဂိုလ်ဟု သတ်မှတ် ဆက်ဆံသည်။

မိမိဟာ အရှေ့တိုင်း ယဥ်ကျေးမှုအောက်မှာ မွေးဖွား ကြီးပြင်းလာရပြီး နောက်ပိုင်း အနောက်ပိုင်း ယဥ်ကျေးမှုအောက်မှာ ဆက်လက် ရှင်သန် နေထိုင်ရသော အခါ၊ အရှေ့ နဲ့ အနောက်တို့ရဲ့ လူနေမှု ပုံစံ ကွာခြားချက်များကို သတိပြုလေ့လာ မိခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
အတွေ့အကြုံ

သူတို့ဆီက ကျောင်းသား သမဂ္ဂ

ဒီနေ့ မြန်မာပြည်က သတင်းတွေထဲမှာ တွေ့ရသလို ဒီက ကျောင်းသား သမဂ္ဂဟာ ဘုန်းကြီး သပိတ် ဗြောင်းပြန်ကိုင်ပြီး လမ်းပေါ်ထွက် စီတန်း လှည့်အော်တာမျိုးတော့ မကြုံခဲ့ဖူးပါဖူး။

ရန်ကုန် တက္ကသိုလ်မှာ ကျောင်းတက်ခဲ့စဥ်က ကျောင်းသား သမဂ္ဂ ဆိုတာ မကြုံခဲ့ဖူးပါ။ နေဝင်း စစ်အစိုးရက ကျောင်းသား သမဂ္ဂကို သူပုန်အဖွဲ့အစည်းလို သတ်မှတ်ထားတာကြောင့် ‘သမဂ္ဂ’ ဆိုတဲ့ အသံပင် ကျယ်ကျယ် မပြောရဲကြပါ။ တကယ်တန်း ကျောင်းသား သမဂ္ဂ ဆိုတာကိုလဲ နိုင်ငံရေး ဆောင်ရွက်တဲ့ အဖွဲ့အစည်း တစ်ခုလို့ဘဲ ထင်ခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
အတွေ့အကြုံ

သူ့ကား ကိုယ့်ကား တိုက်မိသောအခါ…

မြန်မာပြည်မှာက (အဲဒီအချိန်က) ငွေများ ငွေနိုင်၊ အကောင်ကြီးက အကောင်ငယ်နိုင် ခေတ်ဖြစ်တဲ့အခါ၊ ရဲ တို့ ရုံးတို့ကို အားကိုးချင်စိတ် မရှိကြဘဲ အချင်းချင်း ညှိလို့ရရင် ရ၊ မရရင် ‘ချ’ ရတော့မဲ့ အနေအထား ဖြစ်ပါတယ်။

ကားမောင်းတဲ့ သူတွေ အနေနဲ့ ကိုယ်မှားပြီး သူများကားကို ဝင်တိုက်တတ်သလို၊ ကိုယ်မှန်ပေမဲ့လဲ သူများက ဝင်တိုက်တာမျိုး ခံရတတ်ပါတယ်။ ဒါမျိုးဟာ ဖြစ်တတ်ပေမဲ့ သူ့ကား၊ ကိုယ့်ကား တိုက်မိပြီ ဆိုရင်တော့ ကားမောင်းသူ အချင်းအချင်းလဲ တိုက်ခိုက်ကြဖို့ ပြင်ဆင်လေ့ ရှိကြပါတယ်။

အပြည့်အစုံဖတ်ရန်
ဗဟုသုတ

ကိုယ့်ချစ်သူနဲ့ ‘ငွေ’ စကားပြောရမယ်…

ငွေရေးကြေးရေး ကိစ္စ ပြောဆိုရတာဟာ စုံတွဲများအကြား ဆက်ဆံရေးရဲ့ နောက်ဆုံးအခြေအနေ ဖြစ်တတ်ပါတယ်၊ ဒါကို ပျော့ကွက် အားနည်းချက် တစ်ခုလို ခံစားရပါတယ်၊ ဘယ်တော့မှ မပြောလို့တော့လဲ မဖြစ်ပါဖူး။

ချစ်သူများ အကြား ငွေစကားပြောရတာဟာ ကြည်နှူးဖွယ်ရာ ကိစ္စ တစ်ခုတော့ မဟုတ်ပါဖူး။ သို့သော် ဒါဟာ ရေရှည်မှာ ချစ်သူခြင်း ဆက်ဆံရေးနဲ့ ငွေရေးကြေးရေး ခိုင်မာဖို့ အတွက် သြစတေးလျှ အစိုးရဟာ သမီးရည်းစား၊ လင်မယား၊ စုံတွဲများကို ချိန်းဆိုပြီး ငွေရေးကြေးရေး ကိစ္စ စကားပြောဖို့ တိုက်တွန်းပါတယ်။

အပြည့်အစုံဖတ်ရန်
အတွေးအမြင်

ယထာဘူတ

ယထာဘူတ ဆိုတဲ့ စကားဟာ အဆိုးကို မြင်ဖို့လဲ ပြောတာမဟုတ်ပါဖူး၊ အကောင်းကို မြင်ဖို့လဲ ပြောတာမဟုတ်ပါဖူး။ ဒီလူ နှစ်မျိုးစလုံးကို အမှန်မြင်ကြတဲ့ သူတွေလို့ မဆိုလိုနိုင်ပါဖူး။

တချိန်က Facebook ပေါ်မှာရေးတင်ခဲ့တဲ့ “Optimism and Pessimism they both are NOT Realism” ဆိုတဲ့ အကြောင်းကို ဒီနေရာမှာ ပြန်လည်ကူးယူ စုဆောင်းထားပါတယ်။ အဆိုးမြင်သူ ဖြစ်စေ၊ အကောင်းမြင်သူ ဖြစ်စေ၊ သူတို့ဟာ အမှန်ကို မမြင်တွေ့တတ်ကြောင်း ဆန်းစစ်ထားတာပါ။

Continue reading “ယထာဘူတ”
အတွေးအမြင်

အမြှောက်ကြိုက်သူများ

မြန်မာလူမျိုးအများစုဟာ မြှောက်ပင့်တာကို ခံရရင်ဖြင့် သည်းချေကြိုက်ပြီး ဦးဏှောက်က အလုပ် မလုပ်တော့ကို ကောင်းကောင်းသိတဲ့ ပေါက်ခေါင်းသား နေဝင်း စစ်အစိုးရဟာ တတိုင်းပြည်လုံးကို မြှောက်ပင့်ပြီး ညာစား လိမ်စား ခိုးစားခဲ့ပါတယ်။

မိမိတို့ မြန်မာလူမျိုးများမှာ အမြှောက်အပင့် ခံရပြီ ဆိုရင်ဖြင့် ပီတိဖြာရုံမက ‘ဘဝင်’ ပါမြင့်တက်ပြီး၊ သွေးနားထင်ရောက် မာန ဖောက်လာတာကို တွေ့ရတတ်ပါတယ်။ တနည်းပြောရရင် မြှောက်တိုင်းမြောက်၊ ပင့်တိုင်းကြွတတ် ကြပါတယ်။

အပြည့်အစုံဖတ်ရန်