နည်းပညာလမ်းညွှန်

ယူနီကုဒ်အပြောင်း အထူးသတိပြုစရာ

အခုတစ်ခါ တနိုင်ငံလုံး ယူနီကုဒ်ကို ပြောင်းသုံးဖို့ လုပ်လာကြပြန်တော့ သာမာန် အသုံးပြုသူတွေ အတွက် ဘယ်လို ပြောင်းရမလဲ ရှာဖွေစူးစမ်းနေတဲ့ အချိန်ကောင်းမှာ – မြွေပွေးလို ကွန်ပျူတာ သမားတွေဟာ ယူနီကုဒ် ကီးဘုတ်၊ ဇော်ဂျီနဲ့ ယူနီကုဒ်တွဲ ဖတ်နိုင် ရေးနိုင်တယ် ဆိုတဲ့ ဆော့ဖ်ဝဲလ်တွေ လုပ်ပြီး ဖြန့်လာကြပါတယ်။

လူတစ်ယောက်ဟာ သူ့ရှေ့မှာ အခြားသူ တစ်ယောက်ရဲ့ နောက်ကနေ မြွေတစ်ကောင် ဝင်လာပြီး ‌ပေါက်တော့မဲ့ဟန် ပြင်နေတာကို မြင်တဲ့ အခါ မသိချင်ယောင်ဆောင်ပြီး ကြည့်ကောင်းကောင်းနဲ့ ကြည့်နေတယ် ဆိုရင် ဒီလူဟာ တော်တော် ဆိုးတယ်လို့ ပြောကြမှာပါ။ သို့သော် ဆရာ့ ဆရာများ ပေါများတဲ့ မြန်မာပြည်မှာ မြွေကိုက်ခံရ နဲတောင် နဲသေးဆိုပြီး ကြည့်ကောင်းကောင်းနဲ့ဘဲ ကြည့်နေတာ ပိုကောင်းသလို ရှိသော်လည်း၊ အခုတော့ လူတွေနောက်မှာ မြွေတွေ တန်းစီ လိုက်နေတာ မြင်နေရတဲ့ အခါ ကိုယ်က ဒီ့ထက် လူဆိုးမလုပ်ချင်တဲ့ အတွက် နဲနဲတော့ ပြောပြချင်ပါတယ်။

အပြည့်အစုံဖတ်ရန်
ထပ်ဆင့်ဖြန့်ဝေပါ-
အတွေ့အကြုံ

အဘတို့ရွာက ရောက်လာကြသူများ အကြောင်း (၃)

မြန်မာ စကားပုံ တစ်ခု ကြားဖူးပါတယ် – “ကိုယ့်ဂုဏ် ကိုယ်ဖော် မသူတော်” လို့ ဆိုပါတယ်။ ဒီ စကားပုံ အတိုင်းသာ ဆိုရရင်တော့ အဘတို့ ရွာက ရောက်လာကြသူများမှာ မသူတော်တွေ တော်တော်များသားလို့ ပြောရတော့မှာ ဖြစ်ပါတယ်။

အဘတို့ ရွာက ရောက်လာကြသူများမှာ လေထန်တဲ့ လေကန်တဲ့ လေသမားတွေ အတော်များများကို တွေ့ရပါတယ်။

အပြည့်အစုံဖတ်ရန်
ထပ်ဆင့်ဖြန့်ဝေပါ-
ထပ်ဆင့်ဝေဌခြင်း

ခေါင်းရှိလို့ ခေါင်းသုံးကြသူများ

ထိပါ့ မိပါ့ ကာတွန်းဆရာရယ်…။

ထပ်ဆင့်ဖြန့်ဝေပါ-
အလည်အပတ်

သရဲလမ်းလျှောက်ပွဲ

စစ်ဒနီမြို့မှာ အောက်တိုဘာ လကုန်နေ့တိုင်း ပြုလုပ်လေ့ရှိတဲ့ သရဲလမ်းလျှောက်ပွဲက ဓါတ်ပုံများ။

ဖွင့်ကြည့်ရန်
ထပ်ဆင့်ဖြန့်ဝေပါ-
အစားအသောက်လမ်းညွှန်

စစ်ဒနီမြို့က အကောင်းဆုံး တရုတ် စားသောက်ဆိုင်

စစ်ဒနီမြို့မှာ တရုတ်စားသောက်ဆိုင်တွေ ပေါပေါများများ ရှိတဲ့ထဲက အကောင်းဆုံး တရုတ်စားသောက်ဆိုင် တစ်ခုကိုလမ်းညွှန်ပြလိုက်ပါတယ်။

အပြည့်အစုံဖတ်ရန်
ထပ်ဆင့်ဖြန့်ဝေပါ-
အတွေ့အကြုံ

အဘတို့ရွာက ရောက်လာကြသူများ အကြောင်း (၂)

သင်္ဘောပေါ်ကိုပင် တခါမှ မတက်ဖူးတဲ့ သူတွေကလဲ သင့်တော်သလို သင်္ဘောလက်မှတ် အတုတွေ လုပ်ပြီး ပင်လယ်ဝမှာ ရောက်နေတဲ့ သင်္ဘောကြီးကို ဆိပ်ကမ်းအထိ ခုတ်မောင်းဖို့ စုရုံးသွားကြပါတော့တယ်။

အဘတို့ ရွာက ရောက်လာကြသူများ အကြောင်းပြောရင် အင်မတန်တော် အင်မတန်တတ်တဲ့ လူတော် လူတတ်ကြီးများ ဖြစ်ကြတဲ့ အကြောင်းကို ချန်ထားလို့ မဖြစ်ပါဖူး။

အပြည့်အစုံဖတ်ရန်
ထပ်ဆင့်ဖြန့်ဝေပါ-
အတွေ့အကြုံ

အဘတို့ရွာက ရောက်လာကြသူများ အကြောင်း (၁)

ရရာ ရလမ်း ရှိသမျှကို နှိုက်နှိုက်ချွတ်ချွတ် မရှက်မကြောက် တောင်းရမ်းခြင်း အမှု ကျွမ်းကျင်တဲ့ အဘတို့ ရွာသားများမှာ နောက်ဆုံးပိတ် အဆုံးစွန်ဆုံး ကားကြုံလိုက်စီးရ လိုက်စီးရ ဆိုတဲ့ ရသမျှသော အခွင့်အလမ်းများကို ရှာတတ်ကြပါပေတယ်။

အဘတို့ ရွာက ရောက်လာကြသူများ အကြောင်းကို ပြောရရင် အချောင်စားရတာ ကြိုက်တတ်ကြတဲ့ အကြောင်းက အစပြုရပါမယ်။

အပြည့်အစုံဖတ်ရန်
ထပ်ဆင့်ဖြန့်ဝေပါ-
လေ့လာသုံ့သပ်ချက်

စာတတ်သူနဲ့ ပညာတတ်သူ

ရန်ကုန်မြို့ အစိုးရကျောင်းမှာ ၁၀ တန်းတက်နေတဲ့ ကျောင်းသားတစ်ယောက်ဟာလဲ ကျောင်းစာတွေကို အာဂုံဆောင် ကျက်မှတ်နေရတဲ့ အခါ၊ ပုဂံမြို့က နိုင်ငံခြားသား ဧည့်သည်တွေကို ဘုရားသမိုင်း ရှင်းပြနေတဲ့ ၁၀နှစ်သား ဘုန်းကြီးကျောင်းသားလေးများ နဲ့ သိပ်မကွာခြားလှပါဖူး။

စာအုပ် တစ်အုပ်၊ ဆောင်းပါး တပုဒ် မဆိုပါနဲ့အုံး…၊ စာတပိုဒ် စာတစ်ကြောင်းကိုပင် နားလည်အောင် ကောင်းကောင်း ဖတ်တတ်တဲ့ အလေ့အကျင့်မရှိတဲ့သူကို ပညာတတ်သူလို့ ဘယ်လို ခေါ်လို့ ရပါလိမ့်မလဲ?

အပြည့်အစုံဖတ်ရန်
ထပ်ဆင့်ဖြန့်ဝေပါ-
အတွေးအမြင်

မြန်မာစကား ပြောတတ်သေးရဲ့လား?

မြန်မာ အချင်းချင်း ကြားမှာ မြန်မာစကား ဝေါဟာရလဲ ရှိပါရဲ့သားနဲ့ အင်္ဂလိပ်လို ထည့်သုံးညှပ်သုံး ပြမှ လူအထင်ကြီးမယ် ထင်သူတွေ အတွက်မှာ သူတို့ သုံးတဲ့ အင်္ဂလိပ် စကားဟာ ပီပီသသ မှန်မှန်ကန်ကန် မဟုတ်တဲ့ အတွက် ရယ်စရာဖြစ်နေတာကို ရှက်တတ်မယ် ဆိုရင်တော့ကောင်းပါရဲ့။

စာရေးသူဟာ ပြည်ပနိုင်ငံများမှာ အနှစ် ၂၀ ကျော်လောက် ဆက်တိုက် နေလာခဲ့ပြီးတဲ့နောက် မကြာသေးခင်ကမှ မိမိကိုယ်မိမိ မြန်မာစကား ပြောတတ်သေးရဲ့လား လို့ စိုးရိမ်စိတ် ဝင်မိခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ထပ်ဆင့်ဖြန့်ဝေပါ-
အတွေးအမြင်

ထူးချွန်ဆုလား? ပရိသတ်ကြိုက်ဆုလား?

ရုပ်ရှင်ပညာ ထူးချွန်ဆု ဆိုတာ ပရိသတ် အကြိုက် လိုက်ပေးစရာ မလိုပါဖူး၊ အရည်အသွေးကို အကဲဖြတ်ပြပြီး ပညာရှင်နဲ့ ပရိသတ်ရဲ့ အဆင့်အတန်းကို မြှင့်တင်ပေးဖို့သာ ဖြစ်ရမှာပါ။ ဥပမာ – စိန်ကျောက် အကြောင်းကို နားလည်ရင်တော့ နားလည်တဲ့ သူက အကဲဖြတ်ပေးတဲ့ အခါ၊ ဝယ်တဲ့သူ ရောင်းတဲ့သူက တန်ဖိုးကို သတ်မှတ်တတ်သလိုပါဘဲ။

ဘာသာရပ် တစ်ခုမှာ ထူးချွန်ဆု ပေးတဲ့ အခါ အဲဒီ ဘာသာရပ်ကို ကျွမ်းကျင်တဲ့ ပညာရှင်တွေက အကဲဖြတ်ပြီး ထူးချွန်တဲ့ သူကို ဆုချီးမြှင့်တာ ဖြစ်ကြပါတယ်။ မြန်မာ့ ရုပ်ရှင် အကယ်ဒမီဆု ဆိုတာကတော့ ရုပ်ရှင် ထူးချွန်ဆုလား၊ ရုပ်ရှင် အောင်မြင်တဲ့ဆုလား၊ ဒါမှ မဟုတ် ပရိသတ် အကြိုက် ရွေးချယ်ပေးကြတဲ့ ‘Got Talent’ လို ဆုမျိုးလား ဆိုတာတော့ မှန်းဆရ ခက်ပါတော့တယ်။

အပြည့်အစုံဖတ်ရန်
ထပ်ဆင့်ဖြန့်ဝေပါ-