မိတ်ဆက်

စာရေးသူဟာ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှာ မွေးဖွားကြီးပြင်းလာခဲ့ပြီး၊ ရန်ကုန်တက္ကသိုလ် ပထမနှစ် ဥပဒေဘာသာ သင်ယူနေဆဲမှာပင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ထွက်ခွာလာ၍ စီးပွားရေးဆိုင်ရာ ကောလိပ်ကျောင်းမှာ ပြောင်းရွှေ့ စာသင်ခဲ့ပါသည်။ တစ်ခါ စာသင်နှစ် မပြီးဆုံးခင်မှာဘဲ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ စင်ကာပူနိုင်ငံတို့ကို ကူးလူးပြီး စီးပွားရေးလုပ်ငန်း အမျိုးမျိုး လုပ်ခဲ့ပါသည်။ ထိုနောက်တွင် သြစတေးလျနိုင်ငံ၊ နယူးဆောက်ဝေးလ် ပြည်နယ်ကို ပြောင်းရွေ့ပြီး သတင်းအချက်အလက် နည်းပညာ သိပ္ပံဘွဲ့ နှင့် လူထုပြန်ကြား ဆက်သွယ်ရေး အနုပညာနှင့် ထုတ်လုပ်ရေး မဟာဘွဲ့တို့ကို ရယူခဲ့ပါသည်။ ယခုအခါ သြစတေးလျနိုင်ငံ၊ နယူးဆောက်ဝေးလ် ပြည်နယ်မှာပင် ဆက်လက် အခြေချ နေထိုင်ပြီး၊ အသေးစား စီးပွားရေး လုပ်ငန်းများကို နည်းပညာစံနစ်ဖြင့် ကြိုးစား တည်ဆောက်လျှက်ရှိပါသည်။

တဖက်မှာ အားလပ်ချိန်များတွင် ဘဝတစ်လျှောက် တွေ့ကြုံခဲ့ရဖူးသည့် အတွေ့အကြုံများ၊ ရရှိခဲ့သည့် ဗဟုသုတများ၊ လေ့လာသင်ယူခဲ့ရဖူးသည့် မှတ်သားစရာများနှင့် ကိုယ်ပိုင် တွေးခေါ်မျှော်မြင် ရသည့် အကြောင်းအရာ အမျိုးမျိုးတို့ကို ဤအင်တာနက် စာမျက်နှာများပေါ်မှ ရေးသား ဖလှယ် ဖြန့်ဝေလျှက်ရှိပါသည်။

စာဖတ်သူများ အနေဖြင့်လည်း အောက်မှာ ပြန်လည် မိတ်ဆက်စကားများ၊ ဤဆိုဒ်နှင့် ပတ်သက်၍ တုန့်ပြန်ချက်များ၊ မှတ်ချက်များကို ထည့်သွင်းရေးသားခဲ့နိုင်ပါသည်။

One thought on “မိတ်ဆက်”

  1. အရင် အကိုရေးတဲ့ ဘလော့မှာ စာဖတ်နေတဲ့ စာဖတ်ပရိတ်သတ်တဦးပါ၊ အကိုရေးတဲ့စာ တော်တော်များများ ဖတ်လို့ကောင်းတဲ့ အတွက် မကြာခန ဝင်ဖတ်ပါတယ်။ ပျောက်သွားပြီး အခုမှဖေ့စ်ဘွတ်ကတဆင့် ပြန်တွေ့လို့ဝမ်းသာပါတယ်။ ဆက်ရေးပါခင်ဗျာ။

အောက်တွင် မှတ်ချက်ရေးသည့်အခါ မြန်မာစာဖြင့် ရေးသွင်းမည် ဆိုပါက – မြန်မာယူနီကုဒ်ဖြင့် ရေးသားပါရန်။

Write A Comment...

Your email address will not be published. Required fields are marked *