ယူနီကုဒ်အပြောင်း အထူးသတိပြုစရာ

အခုတစ်ခါ တနိုင်ငံလုံး ယူနီကုဒ်ကို ပြောင်းသုံးဖို့ လုပ်လာကြပြန်တော့ သာမာန် အသုံးပြုသူတွေ အတွက် ဘယ်လို ပြောင်းရမလဲ ရှာဖွေစူးစမ်းနေတဲ့ အချိန်ကောင်းမှာ – မြွေပွေးလို ကွန်ပျူတာ သမားတွေဟာ ယူနီကုဒ် ကီးဘုတ်၊ ဇော်ဂျီနဲ့ ယူနီကုဒ်တွဲ ဖတ်နိုင် ရေးနိုင်တယ် ဆိုတဲ့ ဆော့ဖ်ဝဲလ်တွေ လုပ်ပြီး ဖြန့်လာကြပါတယ်။

4.6
(25)

လူတစ်ယောက်ဟာ သူ့ရှေ့မှာ အခြားသူ တစ်ယောက်ရဲ့ နောက်ကနေ မြွေတစ်ကောင် ဝင်လာပြီး ‌ပေါက်တော့မဲ့ဟန် ပြင်နေတာကို မြင်တဲ့ အခါ မသိချင်ယောင်ဆောင်ပြီး ကြည့်ကောင်းကောင်းနဲ့ ကြည့်နေတယ် ဆိုရင် ဒီလူဟာ တော်တော် ဆိုးတယ်လို့ ပြောကြမှာပါ။ သို့သော် ဆရာ့ ဆရာများ ပေါများတဲ့ မြန်မာပြည်မှာ မြွေကိုက်ခံရ နဲတောင် နဲသေးဆိုပြီး ကြည့်ကောင်းကောင်းနဲ့ဘဲ ကြည့်နေတာ ပိုကောင်းသလို ရှိသော်လည်း၊ အခုတော့ လူတွေနောက်မှာ မြွေတွေ တန်းစီ လိုက်နေတာ မြင်နေရတဲ့ အခါ ကိုယ်က ဒီ့ထက် လူဆိုးမလုပ်ချင်တဲ့ အတွက် နဲနဲတော့ ပြောပြချင်ပါတယ်။

ယူနီကုဒ် ဆိုတာ ကမ္ဘာကသုံးတဲ့ မြန်မာစာ စံနစ်ဘဲ။ ဒါ့ကြောင့် ဒီစံနစ်ကို ဘာမှ အထွေ အထူးလုပ် ထည့်သွင်းနေစရာ မလိုပါဖူး၊ ဖုန်းတွေ ကွန်ပျူတာတွေမှာ ပါတဲ့ Language Setting ကနေ ထည့်ယူလိုက်ရုံပါဘဲ။ သို့သော် အရင်က ဇော်ဂျီစာစံနစ်ပုံစံကို ထည့်ထားခဲ့တဲ့ ဖုန်းတွေ ကွန်ပျူတာတွေ ဆိုရင်တော့ ဇော်ဂျီ စာစံနစ် ပုံစံနဲ့ ပတ်သက်သမျှ အကုန် ထုတ်ပစ်လိုက်ရပါလိမ့်မယ်။ မြန်မာ့ ဉာဏ်ကြီးရှင်များရဲ့ နည်းညွှန်လမ်းပြမှုကြောင့်ဖြစ်စေ သူတို့ရဲ့ အကူအညီနဲ့ ဖြစ်စေ ဖုန်းတွေ ကွန်ပျူတာတွေရဲ့ လုံခြုံမှုစံနစ်ကို ချိုးဖောက်ပြီး ဇော်ဂျီစံနစ်ကို ထည့်သွင်းထားခဲ့တယ် ဆိုရင်တော့ ကံဆိုးစွာဖြင့်သာ မြန်မာယူနီကုဒ်ကို ရယူဖို့ မလွယ်ကူနိုင်တော့ပါဖူး။

ယခင် အများစုမှာ ဇော်ဂျီကို အသုံးပြုချင်တဲ့ အခါ ကွန်ပျူတာ သမားအချို့ဟာ professional ethics လို့ခေါ်တဲ့ ပညာရှင်တွေရဲ့ စောင့်ထိန်းရမဲ့ ကျင့်ဝတ်စည်းကမ်းကို နားလည် စောင့်ထိန်းမှု မရှိဘဲ အသုံးပြုသူ users များကို နားလည်အောင် ရှင်းမပြဘဲ ဖုန်းထုတ်လုပ်သူတွေ၊ ကွန်ပျူတာ စံနစ်တွေက တည်ဆောက်ပေးထားတဲ့ အသုံးပြုသူများအတွက် လုံခြုံရေး စံနစ်ကို မရမက ချိုးဝင် ဖောက်ထွင်းပြီး ထည့်ပေးခဲ့ကြပါတယ်။ ဒီ့ရဲ့ အကျိုးဆက်ကတော့ ကိုယ့်ရဲ့ Account အကောင့်ကို သူတပါးက ‌ဖောက်ယူအသုံးပြုတာမျိုးတွေ ခံကြရပါတယ်။

အခုလည်း တနိုင်ငံလုံး ယူနီကုဒ်ကို ပြောင်းသုံးဖို့ လုပ်လာကြပြန်တော့ သာမာန် အသုံးပြုသူတွေ အတွက် ဘယ်လို ပြောင်းရမလဲ ရှာဖွေစူးစမ်းနေတဲ့ အချိန်ကောင်းမှာ – မြွေပွေးလို ကွန်ပျူတာ သမားတွေဟာ ယူနီကုဒ် ကီးဘုတ်၊ ဇော်ဂျီနဲ့ ယူနီကုဒ်တွဲ ဖတ်နိုင် ရေးနိုင်တယ် ဆိုတဲ့ ဆော့ဖ်ဝဲလ်တွေ လုပ်ပြီး ဖြန့်လာကြပါတယ်။

ဒါတွေကို အသုံးပြုမဲ့သူတွေ အနေနဲ့ အင်မတန် သတိထားသင့်ပါတယ်။ ဒီဆော့ဝဲလ်တွေဟာ ဘယ်အဖွဲ့ အစည်း၊ ဘယ်ပုဂ္ဂိုလ် ဘယ်လို အာမခံချက်နဲ့ ပေါ်လစီတွေနဲ့ ထုတ်လုပ်ဖြန့်ဝေသလဲ ဆိုတာကို စိစစ်သင့်ပါတယ်။ ယုံကြည်ထိုက်တဲ့ အဖွဲ့အစည်း ပုဂ္ဂိုလ်နဲ့ ခိုင်မာတဲ့ အာမခံချက် ပေါ်လစီတွေ မပါဘဲ ဗြောက်သောက် ဖြန့်ဝေနေတဲ့ ဆော့ဖ်ဝဲလ် တွေ အသုံးပြုမိရင်တော့ ဒီဆော့ဖ်ဝဲလ် တွေရဲ့ နောက်ကွယ်မှာ အသုံးပြုသူ Users တွေရဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို ဖောက်ယူနိုင်ဖို့ အချိတ်အဆက်တွေ ထည့်ပေးနိုင်တယ်ဆိုတာ သတိပြုပါ။

သာမာန် အသုံးပြုတွေ အနေနဲ့တော့ မြွေပွေးတွေ ခါးပိုက်ထဲ ရောက်လာတာ သတိပြုမိမှာ မဟုတ်ပါဖူး။ မြွေပွေးက ထ,ပေါက်မှဘဲ သိကြမှာပါ။ ဒါ့ကြောင့် သင်တို့ နောက်မှာ မြွေတွေ လိုက်နေတယ် ဆိုတာကို မသိကြသူများအတွက် မြင်တဲ့သူက မြင်လို့ ကြိုတင် အသိပေးထား လိုက်ပါတယ်။

ဤအကြောင်းအရာကို စာဖတ်သူ နှစ်သက်ပါသလား?

Click on a star to rate it!

စာဖတ်သူနှစ်သက်ခြင်းမရှိလို့ စိတ်မကောင်းပါ၊

စာဖတ်သူနှစ်သက်စေဖို့ လိုအပ်ချက်များကို သိပါရစေ။

ထပ်ဆင့်ဖြန့်ဝေပါ-

3 thoughts on “ယူနီကုဒ်အပြောင်း အထူးသတိပြုစရာ”

အောက်တွင် မှတ်ချက်ရေးသည့်အခါ မြန်မာစာဖြင့် ရေးသွင်းမည် ဆိုပါက – မြန်မာယူနီကုဒ်ဖြင့် ရေးသားပါရန်။

Write A Comment...

Your email address will not be published. Required fields are marked *