အရှေ့နဲ့ အနောက်

အနောက်တိုင်းသားများသည် ခေါင်းဆောင်မှာ အသင်းအဖွဲ့ဝင် တစ်ဦး ဖြစ်သည်ဟု သတ်မှတ် ဆက်ဆံသည်။ အရှေ့တိုင်းသားများသည် ခေါင်းဆောင်မှာ ကြောက်ရွံ့ရိုသေရမည့် ပုဂ္ဂိုလ်ဟု သတ်မှတ် ဆက်ဆံသည်။

မတူညီတဲ့ အရှေ့တိုင်းနှင့် အနောက်တိုင်းတို့၏ လူနေမှု ပုံစံများမှာ စိတ်ဝင်စား စရာ ကောင်းလှပါတယ်။ အောက်မှာ ဖော်ပြတဲ့ ‘အရှေ့နဲ့ အနောက်’ ရဲ့ ကွာခြားတဲ့ လူနေမှုပုံစံများမှာ မိမိ လေ့လာ တွေ့ရှိရသည်များမှ ကောက်နှုတ် တင်ပြထားခြင်း ဖြစ်ပါတယ်။

  • အနောက်တိုင်းသားများမှာ စကားပြောဆိုသည့် အခါ တည့်တိုး တိုက်ရိုက်ပြောတတ်သည်။ အရှေ့တိုင်းသားများမှာ စကားပြောဆိုသည့် အခါ သွယ်ဝှိက်၍ ပြောတတ်သည်။
  • အနောက်တိုင်းသားများမှာ ကိုယ့်အမှု ကိစ္စကို ကိုယ်တိုင် ဆင်ခြင် တွေးခေါ်သည်။ အရှေ့တိုင်းသားများမှာ ကိုယ့်အမှု ကိစ္စကို အများနှင့် တိုင်ပင်သည်။
  • အနောက်တိုင်းသားများသည် ပြဿနာ တစ်ခုခုဖြစ်လျှင် ယှဉ်ဆိုင် ဖြေရှင်းရန် ကြိုးစား ကြသည်။ အရှေ့တိုင်းသားများသည် ပြဿနာ ကို ရှောင်ပတ်ပြီး သွားရန် ကြိုးစားတတ်သည်။
  • အနောက်တိုင်းသားများမှာ ကိုယ်ရေးကိုယ်တာ ကိစ္စများကို အခြားသူများအား ထုတ်ပြောလေ့မရှိ သလို သူတပါး၏ ကိုယ်ရေးကိုယ်တာ ကိစ္စများကိုလည်း စုံစမ်း သိရှိလိုခြင်း မရှိကြ။ အရှေ့တိုင်းသားများသည် ကိုယ်ရေးကိုယ်တာ ကိစ္စများကို အခြားသူများအား ထုတ်ပြောလေ့ရှိသလို သူတပါး၏ ကိုယ်ရေးကိုယ်တာ ကိစ္စများကိုလည်း လိုက်လံ စုံစမ်း သိလိုကြသည်။
  • အနောက်တိုင်းသားများသည် အချိန်အတိအကျဖြင့် အလုပ်လုပ်သည်။ အရှေ့တိုင်းသားများသည် အချိန်အတိုင်းအတာ အတွင်းအလုပ်လုပ်သည်။
  • အနောက်တိုင်းသားများသည် တစ်ဦးတစ်ယောက်ကို ဆက်သွယ်ရာတွင် တိုက်ရိုက်ဆက်သွယ်သည်။ အရှေ့တိုင်းသားများသည် တစ်ဦးတစ်ယောက်ကို ဆက်သွယ်ရန်အတွက် ထိုသူ၏ အဆက်အသွယ်များ နှင့် ချိတ်ဆက်ပြီး ဆက်သွယ်သည်။
  • အနောက်တိုင်းသားများသည် တစ်ယောက်ယောက်ကို စိတ်ဆိုးသည့်အခါ သို့မဟုတ် အလိုမကျသည့် အခါ မျက်နှာမှာ တင်းမာသည်။ အရှေ့တိုင်းသားများသည် ထိုအချိန်မျိုးတွင် မျက်နှာမှာ ပြုံးရီနေတတ်သည်။
  • အနောက်တိုင်းသားများသည် လူအများနှင့် တစ်ဦးချင်း ဆောင်ရွက်ရတော့မည့် ကိစ္စများ ဖြစ်လာသော် တန်းစီကြသည်။ အရှေ့တိုင်းသားများမှာ သူ့ထက်ကိုယ် ရှေ့ရောက်ဖို့ တိုးဝှေ့ကြသည်။
  • အနောက်တိုင်းသားများသည် ခေါင်းဆောင်မှာ အသင်းအဖွဲ့ဝင် တစ်ဦး ဖြစ်သည်ဟု သတ်မှတ် ဆက်ဆံသည်။ အရှေ့တိုင်းသားများသည် ခေါင်းဆောင်မှာ ကြောက်ရွံ့ရိုသေရမည့် ပုဂ္ဂိုလ်ဟု သတ်မှတ် ဆက်ဆံသည်။
  • အနောက်တိုင်းသားများသည် ငွေပိုငွေလျှံ ရှိသည့်အခါ ခရီးထွက်တတ်ကြသည်။ အရှေ့တိုင်းသားများသည် ငွေပိုငွေလျှံ ရှိသည့်အခါ ရွှေငွေ လက်ဝတ်ရတနာများ ဝယ်တတ်ကြသည်။
  • အနောက်တိုင်းသားများသည် အားလပ်ရက်များတွင် တစ်ဦးတည်း၊ သို့မဟုတ် မိသားစုဖြင့် လွတ်လွတ်လပ်လပ် သီးသန့် အပန်းဖြေတတ်ကြသည်။ အရှေ့တိုင်းသားများသည် မိတ်ဆွေအပေါင်း အသင်းများနှင့် စုံညီစွာ အုပ်စုဖွဲ့ တွေ့ဆုံခြင်းတို့ လုပ်တတ်ကြသည်။
  • အနောက်အတိုင်းသားများသည် ဧည့်ခံပွဲစသည့် ပွဲလမ်းသဘင်များတွင် ကိုယ့်အဖွဲ့နှင့် ကိုယ် အစုစု ဝိုင်းဖွဲ့ စကားပြော လေ့ရှိသည်။ အရှေ့တိုင်းသားများသည် အားလုံး ဝိုင်းပတ်ဖွဲ့၍ ဆင်နွဲကြသည်။
  • အနောက်တိုင်းသားများသည် စားသောက်ဆိုင်များတွင် ဝိုင်းဖွဲ့ စားသောက်သည့် အခါ စကားကို တိုးတိုး ညင်သာစွာ ပြောတတ်ကြသည်။ အရှေ့တိုင်းသားများသည် ထိုအချိန်မျိုးတွင် စကားကို သာမာန်ထက် ပိုမို ကျယ်လောင်စွာ ပြောပြီး အော်ဟစ် ရယ်မောတတ်ကြသည်။
  • အနောက်တိုင်းသားများသည် တစ်နေ့လျှင် အစာ အဓိက ၃ ကြိမ်စားရာတွင် ၁ ကြိမ်ကို ကောင်းစွာစားသောက်ပြီး၊ ကျန် ၂ ချိန်ကို အဆင်ပြေသလို အလွယ်အကူလုပ် စားတတ်ကြသည်။ အရှေ့တိုင်းသားများသည် အစာ အဓိက ၃ ကြိမ်စလုံး ကောင်းစွာ စားသောက်ပြီး၊ ကျန်အချိန်များတွင် အဆင်သင့်သလို တစွတ်စွတ် စားတတ်ကြသည်။
  • အနောက်တိုင်းသားများသည် ရှေးအခါက မော်တော်ကားများကို နေရာတကာတွင် အသုံးပြုသော်လည်း ယနေ့တွင် သဘာဝပတ်ဝန်းကျင် စိမ်းလမ်း စိုပြေစေရေး အတွက် တတ်နိုင်သ၍ စက်ဘီးများကို စီးလာကြသည်။ အရှေ့တိုင်းသားများသည် ယခင်က စက်ဘီးများ စီးကြသော်လည်း ယခုအခါ ပိုက်ဆံတတ်နိုင်သည်နှင့် ပင် မော်တော်ကားများကို နေရာတကာ အသုံးပြု စီးနင်းနေကြတော့သည်။
  • အနောက်တိုင်းသားများသည် ကလေးများကို လွတ်လပ်စွာကြီးပြင်းစေပြီး သူတို့ကိုယ်ပိုင် ဘဝရပ်တည် နိုင်ရန် ပျိုးထောင်ပေးသည်။ အရှေ့တိုင်းသားများသည် ကလေးများကို မိဘ၊ ဘိုးဘွား ထိန်းချုပ်မှု အောက်တွင် ရပ်တည်စေပြီး၊ အုပ်ထိန်းသူများ အလိုကျ ဘဝကို တည်ဆောက်ရန် ဝိုင်းရံထားသည်။
  • အနောက်တိုင်းသားများသည် အသက်ကြီးသည့်အခါ အိမ်မွေးတိရိစ္တာန် ခွေးကလေးများနှင့် နေထိုင်တတ်ကြသည်။ အရှေ့တိုင်းသားများသည် အသက်ကြီးလျှင် မြေးများကို ထိန်းကျောင်း တတ်ကြသည်။

ဤအကြောင်းအရာကို စာဖတ်သူ နှစ်သက်ပါသလား?

Click on a star to rate it!

စာဖတ်သူနှစ်သက်ခြင်းမရှိလို့ စိတ်မကောင်းပါ၊

စာဖတ်သူနှစ်သက်စေဖို့ လိုအပ်ချက်များကို သိပါရစေ။

ထပ်ဆင့်ဖြန့်ဝေပါ-

အောက်တွင် မှတ်ချက်ရေးသည့်အခါ မြန်မာစာဖြင့် ရေးသွင်းမည် ဆိုပါက – မြန်မာယူနီကုဒ်ဖြင့် ရေးသားပါရန်။

Write A Comment...

Your email address will not be published. Required fields are marked *