အတွေ့အကြုံ

အဘတို့ရွာက ရောက်လာကြသူများ အကြောင်း (၃)

မြန်မာ စကားပုံ တစ်ခု ကြားဖူးပါတယ် – “ကိုယ့်ဂုဏ် ကိုယ်ဖော် မသူတော်” လို့ ဆိုပါတယ်။ ဒီ စကားပုံ အတိုင်းသာ ဆိုရရင်တော့ အဘတို့ ရွာက ရောက်လာကြသူများမှာ မသူတော်တွေ တော်တော်များသားလို့ ပြောရတော့မှာ ဖြစ်ပါတယ်။

အဘတို့ ရွာက ရောက်လာကြသူများမှာ လေထန်တဲ့ လေကန်တဲ့ လေသမားတွေ အတော်များများကို တွေ့ရပါတယ်။

အပြည့်အစုံဖတ်ရန်
အတွေ့အကြုံ

အဘတို့ရွာက ရောက်လာကြသူများ အကြောင်း (၂)

သင်္ဘောပေါ်ကိုပင် တခါမှ မတက်ဖူးတဲ့ သူတွေကလဲ သင့်တော်သလို သင်္ဘောလက်မှတ် အတုတွေ လုပ်ပြီး ပင်လယ်ဝမှာ ရောက်နေတဲ့ သင်္ဘောကြီးကို ဆိပ်ကမ်းအထိ ခုတ်မောင်းဖို့ စုရုံးသွားကြပါတော့တယ်။

အဘတို့ ရွာက ရောက်လာကြသူများ အကြောင်းပြောရင် အင်မတန်တော် အင်မတန်တတ်တဲ့ လူတော် လူတတ်ကြီးများ ဖြစ်ကြတဲ့ အကြောင်းကို ချန်ထားလို့ မဖြစ်ပါဖူး။

အပြည့်အစုံဖတ်ရန်
အတွေ့အကြုံ

အဘတို့ရွာက ရောက်လာကြသူများ အကြောင်း (၁)

ရရာ ရလမ်း ရှိသမျှကို နှိုက်နှိုက်ချွတ်ချွတ် မရှက်မကြောက် တောင်းရမ်းခြင်း အမှု ကျွမ်းကျင်တဲ့ အဘတို့ ရွာသားများမှာ နောက်ဆုံးပိတ် အဆုံးစွန်ဆုံး ကားကြုံလိုက်စီးရ လိုက်စီးရ ဆိုတဲ့ ရသမျှသော အခွင့်အလမ်းများကို ရှာတတ်ကြပါပေတယ်။

အဘတို့ ရွာက ရောက်လာကြသူများ အကြောင်းကို ပြောရရင် အချောင်စားရတာ ကြိုက်တတ်ကြတဲ့ အကြောင်းက အစပြုရပါမယ်။

အပြည့်အစုံဖတ်ရန်
အတွေ့အကြုံ

‘မြန်မာ’ ဆို ဘယ်သူသိမှာလဲ?

သြစတေးလျမှာတော့ အခုထက်ထိပင် မြန်မာဆိုတာကို သာမာန် လူ ၁၀ ယောက်မှာ ၈ ယောက်လောက်က ကြားပင် မကြားဖူးကြပါဖူး။ ဘယ်နားရှိတယ်ဆိုတာ ရှင်းပြရင်တောင် မြန်မာ ဆိုတာ ‘နိုင်ငံ’ လား? ဒါမှမဟုတ် တရုတ်၊ အိန္ဒိယ ရဲ့ ပြည်နယ်လား? လို့မေးကြပါသေးတယ်။

ပြည်ပနိုင်ငံများမှာ နေလာတာ ကြာတဲ့အခါ မိမိကို – ‘ဘယ်ကလာသလဲ?’ လို့ မေးခွန်း အမေးခံရမှာ ကြောက်တတ်လာပါတော့တယ်။ အမှန်မှာ မြန်မာပြည်က လာတယ်လို့ ဖြေရမှာ ရှက်စရာ ဖြစ်လို့၊ သိမ်ငယ် စရာဖြစ်လို့ မဟုတ်ပါဖူး။ မြန်မာပြည်ဆိုတာ ဘယ်ဆီဘယ်နား ရှိတယ် ဆိုတာ မသိကြတဲ့ အတွက် ရှည်ရှည်ဝေးဝေး ရှင်းပြနေရတဲ့ အတွက်ကြောင့်သာ ဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
အတွေ့အကြုံ

သူတို့ဆီက ကျောင်းသား သမဂ္ဂ

ဒီနေ့ မြန်မာပြည်က သတင်းတွေထဲမှာ တွေ့ရသလို ဒီက ကျောင်းသား သမဂ္ဂဟာ ဘုန်းကြီး သပိတ် ဗြောင်းပြန်ကိုင်ပြီး လမ်းပေါ်ထွက် စီတန်း လှည့်အော်တာမျိုးတော့ မကြုံခဲ့ဖူးပါဖူး။

ရန်ကုန် တက္ကသိုလ်မှာ ကျောင်းတက်ခဲ့စဥ်က ကျောင်းသား သမဂ္ဂ ဆိုတာ မကြုံခဲ့ဖူးပါ။ နေဝင်း စစ်အစိုးရက ကျောင်းသား သမဂ္ဂကို သူပုန်အဖွဲ့အစည်းလို သတ်မှတ်ထားတာကြောင့် ‘သမဂ္ဂ’ ဆိုတဲ့ အသံပင် ကျယ်ကျယ် မပြောရဲကြပါ။ တကယ်တန်း ကျောင်းသား သမဂ္ဂ ဆိုတာကိုလဲ နိုင်ငံရေး ဆောင်ရွက်တဲ့ အဖွဲ့အစည်း တစ်ခုလို့ဘဲ ထင်ခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
အတွေ့အကြုံ

သူ့ကား ကိုယ့်ကား တိုက်မိသောအခါ…

မြန်မာပြည်မှာက (အဲဒီအချိန်က) ငွေများ ငွေနိုင်၊ အကောင်ကြီးက အကောင်ငယ်နိုင် ခေတ်ဖြစ်တဲ့အခါ၊ ရဲ တို့ ရုံးတို့ကို အားကိုးချင်စိတ် မရှိကြဘဲ အချင်းချင်း ညှိလို့ရရင် ရ၊ မရရင် ‘ချ’ ရတော့မဲ့ အနေအထား ဖြစ်ပါတယ်။

ကားမောင်းတဲ့ သူတွေ အနေနဲ့ ကိုယ်မှားပြီး သူများကားကို ဝင်တိုက်တတ်သလို၊ ကိုယ်မှန်ပေမဲ့လဲ သူများက ဝင်တိုက်တာမျိုး ခံရတတ်ပါတယ်။ ဒါမျိုးဟာ ဖြစ်တတ်ပေမဲ့ သူ့ကား၊ ကိုယ့်ကား တိုက်မိပြီ ဆိုရင်တော့ ကားမောင်းသူ အချင်းအချင်းလဲ တိုက်ခိုက်ကြဖို့ ပြင်ဆင်လေ့ ရှိကြပါတယ်။

အပြည့်အစုံဖတ်ရန်
အတွေ့အကြုံ

အမေရိကန် ထောင်ထွက် တစ်ယောက်ပြောပြတဲ့ “ကိုယ့်တာဝန်”

ထောင်သား လုပ်ဖော်ကိုင်ဖက်က – “စားပွဲပေါ်မှာ တင်ထားတဲ့ ကြက်ဥတွေ အကုန်ကျော်လိုက်ပေါ့ကွ” ဆိုတဲ့ အတွက်၊ သူလဲ စားပွဲပေါ် တွေ့တဲ့ ကြက်ဥတွေ အားလုံး ကျော်ထားလိုက်ပါတယ်။

အခုနောက်ပိုင်း မြန်မာနိုင်ငံ ဒီမိုကရေစီခေတ်မှာတော့ “တာဝန်ယူမှု” ၊ “တာဝန်ခံမှု” ဆိုတဲ့ အသုံးအနှုံးနဲ့ ရင်းနှီးလာကြပါပြီ။ ဒါပေမဲ့ တကယ်တန်း တာဝန်ယူတတ်၊ တာဝန်ခံ တတ်ရဲ့လား ဆိုတာတော့ စဥ်းစားစရာပါ။

အပြည့်အစုံဖတ်ရန်