လေ့လာသုံ့သပ်ချက်

စာတတ်သူနဲ့ ပညာတတ်သူ

ရန်ကုန်မြို့ အစိုးရကျောင်းမှာ ၁၀ တန်းတက်နေတဲ့ ကျောင်းသားတစ်ယောက်ဟာလဲ ကျောင်းစာတွေကို အာဂုံဆောင် ကျက်မှတ်နေရတဲ့ အခါ၊ ပုဂံမြို့က နိုင်ငံခြားသား ဧည့်သည်တွေကို ဘုရားသမိုင်း ရှင်းပြနေတဲ့ ၁၀နှစ်သား ဘုန်းကြီးကျောင်းသားလေးများ နဲ့ သိပ်မကွာခြားလှပါဖူး။

စာအုပ် တစ်အုပ်၊ ဆောင်းပါး တပုဒ် မဆိုပါနဲ့အုံး…၊ စာတပိုဒ် စာတစ်ကြောင်းကိုပင် နားလည်အောင် ကောင်းကောင်း ဖတ်တတ်တဲ့ အလေ့အကျင့်မရှိတဲ့သူကို ပညာတတ်သူလို့ ဘယ်လို ခေါ်လို့ ရပါလိမ့်မလဲ?

အပြည့်အစုံဖတ်ရန်
နည်းပညာလမ်းညွှန်

အင်တာနက်ပေါ်က မြန်မာစာလုံးများ

ဇော်ဂျီစာလုံး ဖတ်နိုင်ဖို့ ကွန်ပျူတာနဲ့ ဖုန်းတွေမှာ လုံခြုံမှု အတွက် ပေးထားတဲ့ အကာအကွယ်တွေကို ဖျက်ပြီး အတင်းထည့်သွင်းဖို့ လုပ်လာကြရတယ်။ အဲဒီ အကျိုးဆက်ကတော့ ကိုယ့် အကောင့် (account) ကို သူများဖောက်ထွင်း ဝင်ရောက်ဖို့ လမ်းဖွင့် ပေးလိုက်သလို ဖြစ်သွားပါတော့တယ်။

ဒီနေ့ အင်တာနက်ပေါ်မှာ မိမိရဲ့ စာမျက်နှာများကို အသစ်ပြန်တည်ဆောက်ပြီး စာရေးတော့မယ် ဆိုတဲ့အခါ၊ ပထမ မြန်မာစာလုံးတွေ မှန်မှန်ကန်ကန် ပုံပေါ်စေဖို့ အဆင်အပြင် လုပ်ရပါတယ်။ တချိန်တုန်းက ဒါဟာ တကယ့် ပြဿနာ ဖြစ်ခဲ့ပေမဲ့ အခုမှာတော့ နည်းပညာ ပြောင်းလဲတိုးတက် လာတာနဲ့အတူ အလွန်လွယ်ကူတဲ့ အဖြေရှိသွားပါပြီ။

အပြည့်အစုံဖတ်ရန်