ဒီနေ့ စစ်ဒနီက မိတ်ဆွေ တစ်ယောက်ဟာ သူ့ကိုယ်ပေါ်မှာ အဖုအပိန့်တွေ ထွက်လာလို့ ဆေးရုံသွားပြမှာကို လိုက်ပါပေးဖို့ အကူအညီတောင်းလာပါတယ်။ လွန်ခဲ့တဲ့ နှစ်လောက်ကလဲ မြန်မာ အသိုင်းအဝိုင်းက လူတစ်ယောက် အဲသည်လို အရေပြားပေါ်မှာ အဖုအပိန့်တွေ ရုတ်ချဥ်းပေါ်လာလို့ ဆေးရုံကို လိုက်ပို့ပေးဖူးတဲ့ အတွေ့အကြုံရှိတာကြောင့် အကူအညီတောင်းတာ ဖြစ်ပါလိမ့်မယ်။
အပြည့်အစုံဖတ်ရန်မြန်မာစကား ပြောတတ်တဲ့ စစ်ဒနီက ဆေးရုံ
မြန်မာလူမျိုးကို ကမ္ဘာပေါ်က တိုင်းပြည်တစ်ခုရဲ့ ဘာသာစကား တစ်ခုရှိတဲ့ လူမျိုးတစ်ခုလို့ အထောက်အထားနဲ့ အသိအမှတ်ပြုခံရတာဟာ ဒီနိုင်ငံရဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေနဲ့ ဆက်ဆံဖူးတဲ့ တလျှောက်မှာ ဒါပထမဦးဆုံးပါဘဲ။