စစ်ဒနီမြို့မှာ တရုတ်စားသောက်ဆိုင်တွေ ပေါပေါများများ ရှိတဲ့ထဲက အကောင်းဆုံး တရုတ်စားသောက်ဆိုင် တစ်ခုကိုလမ်းညွှန်ပြလိုက်ပါတယ်။
အပြည့်အစုံဖတ်ရန်Tag: သြစတေးလျ
၂၀၁၉ စစ်ဒနီမြို့ တရုတ်နှစ်သစ်ကူးပွဲ
သြစတေးလျနိုင်ငံ စစ်ဒနီမြို့၊ ဒါလင်ဟားဘား ဆိပ်ကမ်းမှာ ပြုလုပ်တဲ့ တရုတ် နှစ်သစ်ကူး မီးထွန်းပွဲတော်ကို သွားရောက်ခဲ့စဥ်က ရိုက်ကူးထားသည့် ဓါတ်ပုံများ။
ဖွင့်ကြည့်ရန်သူတို့ဆီက ကျောင်းသား သမဂ္ဂ
ဒီနေ့ မြန်မာပြည်က သတင်းတွေထဲမှာ တွေ့ရသလို ဒီက ကျောင်းသား သမဂ္ဂဟာ ဘုန်းကြီး သပိတ် ဗြောင်းပြန်ကိုင်ပြီး လမ်းပေါ်ထွက် စီတန်း လှည့်အော်တာမျိုးတော့ မကြုံခဲ့ဖူးပါဖူး။
ရန်ကုန် တက္ကသိုလ်မှာ ကျောင်းတက်ခဲ့စဥ်က ကျောင်းသား သမဂ္ဂ ဆိုတာ မကြုံခဲ့ဖူးပါ။ နေဝင်း စစ်အစိုးရက ကျောင်းသား သမဂ္ဂကို သူပုန်အဖွဲ့အစည်းလို သတ်မှတ်ထားတာကြောင့် ‘သမဂ္ဂ’ ဆိုတဲ့ အသံပင် ကျယ်ကျယ် မပြောရဲကြပါ။ တကယ်တန်း ကျောင်းသား သမဂ္ဂ ဆိုတာကိုလဲ နိုင်ငံရေး ဆောင်ရွက်တဲ့ အဖွဲ့အစည်း တစ်ခုလို့ဘဲ ထင်ခဲ့ပါတယ်။
အပြည့်အစုံဖတ်ရန်ကိုယ့်ချစ်သူနဲ့ ‘ငွေ’ စကားပြောရမယ်…
ငွေရေးကြေးရေး ကိစ္စ ပြောဆိုရတာဟာ စုံတွဲများအကြား ဆက်ဆံရေးရဲ့ နောက်ဆုံးအခြေအနေ ဖြစ်တတ်ပါတယ်၊ ဒါကို ပျော့ကွက် အားနည်းချက် တစ်ခုလို ခံစားရပါတယ်၊ ဘယ်တော့မှ မပြောလို့တော့လဲ မဖြစ်ပါဖူး။
ချစ်သူများ အကြား ငွေစကားပြောရတာဟာ ကြည်နှူးဖွယ်ရာ ကိစ္စ တစ်ခုတော့ မဟုတ်ပါဖူး။ သို့သော် ဒါဟာ ရေရှည်မှာ ချစ်သူခြင်း ဆက်ဆံရေးနဲ့ ငွေရေးကြေးရေး ခိုင်မာဖို့ အတွက် သြစတေးလျှ အစိုးရဟာ သမီးရည်းစား၊ လင်မယား၊ စုံတွဲများကို ချိန်းဆိုပြီး ငွေရေးကြေးရေး ကိစ္စ စကားပြောဖို့ တိုက်တွန်းပါတယ်။
အပြည့်အစုံဖတ်ရန်အကြွား ယဥ်ကျေးမှု
ပတ္တမြားကြီးကို မြန်မာတွေက ပြင်သစ်ကို ထုတ်ကြွားလိုက်တာမှာ၊ အင်္ဂလိပ်တွေမှာ မြန်မြန် လက်ဦးယူ တက်သိမ်းဖို့ လုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ စဥ်းစားကြည့်ရရင် အထုတ်ဖြေ ကြွားခြင်းဖြင့် ဂုဏ်တက်မယ် ထင်ခဲ့ကြဟန် တူပါတယ်။
ကြွားဝါတယ် ဆိုတာ မိမိတို့လို မြန်မာပြည် အတွက်မှာတော့ အထူးအဆန်း ကိစ္စ တစ်ခု မဟုတ်ပါဖူး။ တကယ်တန်းမှာ အရှေ့တောင် အာရှ နိုင်ငံများမှာပင် ကြွားတယ်ဆိုတာ သူသူ၊ ကိုယ်ကိုယ် လုပ်ရိုး လုပ်စဥ် တစ်ခုလို တွေ့နေရတာပါ။
အပြည့်အစုံဖတ်ရန်