ရန်ကုန် တက္ကသိုလ်မှာ ကျောင်းတက်ခဲ့စဥ်က ကျောင်းသား သမဂ္ဂ ဆိုတာ မကြုံခဲ့ဖူးပါ။ နေဝင်း စစ်အစိုးရက ကျောင်းသား သမဂ္ဂကို သူပုန်အဖွဲ့အစည်းလို သတ်မှတ်ထားတာကြောင့် ‘သမဂ္ဂ’ ဆိုတဲ့ အသံပင် ကျယ်ကျယ် မပြောရဲကြပါ။ တကယ်တန်း ကျောင်းသား သမဂ္ဂ ဆိုတာကိုလဲ နိုင်ငံရေး ဆောင်ရွက်တဲ့ အဖွဲ့အစည်း တစ်ခုလို့ဘဲ ထင်ခဲ့ပါတယ်။
အပြည့်အစုံဖတ်ရန်သူတို့ဆီက ကျောင်းသား သမဂ္ဂ
ဒီနေ့ မြန်မာပြည်က သတင်းတွေထဲမှာ တွေ့ရသလို ဒီက ကျောင်းသား သမဂ္ဂဟာ ဘုန်းကြီး သပိတ် ဗြောင်းပြန်ကိုင်ပြီး လမ်းပေါ်ထွက် စီတန်း လှည့်အော်တာမျိုးတော့ မကြုံခဲ့ဖူးပါဖူး။