အတွေးအမြင်

ထူးချွန်ဆုလား? ပရိသတ်ကြိုက်ဆုလား?

ရုပ်ရှင်ပညာ ထူးချွန်ဆု ဆိုတာ ပရိသတ် အကြိုက် လိုက်ပေးစရာ မလိုပါဖူး၊ အရည်အသွေးကို အကဲဖြတ်ပြပြီး ပညာရှင်နဲ့ ပရိသတ်ရဲ့ အဆင့်အတန်းကို မြှင့်တင်ပေးဖို့သာ ဖြစ်ရမှာပါ။ ဥပမာ – စိန်ကျောက် အကြောင်းကို နားလည်ရင်တော့ နားလည်တဲ့ သူက အကဲဖြတ်ပေးတဲ့ အခါ၊ ဝယ်တဲ့သူ ရောင်းတဲ့သူက တန်ဖိုးကို သတ်မှတ်တတ်သလိုပါဘဲ။

ဘာသာရပ် တစ်ခုမှာ ထူးချွန်ဆု ပေးတဲ့ အခါ အဲဒီ ဘာသာရပ်ကို ကျွမ်းကျင်တဲ့ ပညာရှင်တွေက အကဲဖြတ်ပြီး ထူးချွန်တဲ့ သူကို ဆုချီးမြှင့်တာ ဖြစ်ကြပါတယ်။ မြန်မာ့ ရုပ်ရှင် အကယ်ဒမီဆု ဆိုတာကတော့ ရုပ်ရှင် ထူးချွန်ဆုလား၊ ရုပ်ရှင် အောင်မြင်တဲ့ဆုလား၊ ဒါမှ မဟုတ် ပရိသတ် အကြိုက် ရွေးချယ်ပေးကြတဲ့ ‘Got Talent’ လို ဆုမျိုးလား ဆိုတာတော့ မှန်းဆရ ခက်ပါတော့တယ်။

အပြည့်အစုံဖတ်ရန်
အတွေးအမြင်

ကျွဲအိုင်ထဲက ဖားကလေး

မိမိတို့ မြန်မာပြည်ဟာဖြင့် အဖက်ဖက်က နိမ့်ပါးနေတယ်၊ လိုအပ်နေတယ်။ ဒါကို အမှန်အတိုင်း လေ့လာသုံ့သပ်ပြီး အဆင့်အတန်း မြှင့်တင်ဖို့ ဆိုတာ လိုအပ်ချက်တွေကို ရှာဖွေရမယ်၊ ဆည်းပူးရမယ်၊ စုဆောင်းကြရမှာပါ။

မြန်မာ့ ရုပ်ရှင်ဟာ ဟောလီးဝုဒ်တို့ ဘောလီးဝုဒ်တို့ မဆိုထားနဲ့ အိမ်နားနီးချင်း ထိုင်းနိုင်ငံနဲ့ ယှဥ်ပြိုင်မယ် ဆိုရင်တောင် တော်တော်လေး ခေတ်နောက်ကျနေပေမဲ့ ‘ဆင်ဆာကြောင့်၊ ပစ္စည်းကြောင့်၊ စျေးကွက်ကြောင့်’ ဆိုတဲ့ ဆင်ခြေတွေနဲ့ ဆိုရင်ဖြင့် ကိုယ့်ဖာသာကိုယ် အထင်ကြီးနေတဲ့ ကျွဲအိုင်ထဲက ဖားကလေး တစ်ကောင်လို ဖြစ်နေပါတော့မယ်။

အပြည့်အစုံဖတ်ရန်
အတွေးအမြင်

ယထာဘူတ

ယထာဘူတ ဆိုတဲ့ စကားဟာ အဆိုးကို မြင်ဖို့လဲ ပြောတာမဟုတ်ပါဖူး၊ အကောင်းကို မြင်ဖို့လဲ ပြောတာမဟုတ်ပါဖူး။ ဒီလူ နှစ်မျိုးစလုံးကို အမှန်မြင်ကြတဲ့ သူတွေလို့ မဆိုလိုနိုင်ပါဖူး။

တချိန်က Facebook ပေါ်မှာရေးတင်ခဲ့တဲ့ “Optimism and Pessimism they both are NOT Realism” ဆိုတဲ့ အကြောင်းကို ဒီနေရာမှာ ပြန်လည်ကူးယူ စုဆောင်းထားပါတယ်။ အဆိုးမြင်သူ ဖြစ်စေ၊ အကောင်းမြင်သူ ဖြစ်စေ၊ သူတို့ဟာ အမှန်ကို မမြင်တွေ့တတ်ကြောင်း ဆန်းစစ်ထားတာပါ။

Continue reading “ယထာဘူတ”
အတွေးအမြင်

အမြှောက်ကြိုက်သူများ

မြန်မာလူမျိုးအများစုဟာ မြှောက်ပင့်တာကို ခံရရင်ဖြင့် သည်းချေကြိုက်ပြီး ဦးဏှောက်က အလုပ် မလုပ်တော့ကို ကောင်းကောင်းသိတဲ့ ပေါက်ခေါင်းသား နေဝင်း စစ်အစိုးရဟာ တတိုင်းပြည်လုံးကို မြှောက်ပင့်ပြီး ညာစား လိမ်စား ခိုးစားခဲ့ပါတယ်။

မိမိတို့ မြန်မာလူမျိုးများမှာ အမြှောက်အပင့် ခံရပြီ ဆိုရင်ဖြင့် ပီတိဖြာရုံမက ‘ဘဝင်’ ပါမြင့်တက်ပြီး၊ သွေးနားထင်ရောက် မာန ဖောက်လာတာကို တွေ့ရတတ်ပါတယ်။ တနည်းပြောရရင် မြှောက်တိုင်းမြောက်၊ ပင့်တိုင်းကြွတတ် ကြပါတယ်။

အပြည့်အစုံဖတ်ရန်
အတွေးအမြင်

အကြွား ယဥ်ကျေးမှု

ပတ္တမြားကြီးကို မြန်မာတွေက ပြင်သစ်ကို ထုတ်ကြွားလိုက်တာမှာ၊ အင်္ဂလိပ်တွေမှာ မြန်မြန် လက်ဦးယူ တက်သိမ်းဖို့ လုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ စဥ်းစားကြည့်ရရင် အထုတ်ဖြေ ကြွားခြင်းဖြင့် ဂုဏ်တက်မယ် ထင်ခဲ့ကြဟန် တူပါတယ်။

ကြွားဝါတယ် ဆိုတာ မိမိတို့လို မြန်မာပြည် အတွက်မှာတော့ အထူးအဆန်း ကိစ္စ တစ်ခု မဟုတ်ပါဖူး။ တကယ်တန်းမှာ အရှေ့တောင် အာရှ နိုင်ငံများမှာပင် ကြွားတယ်ဆိုတာ သူသူ၊ ကိုယ်ကိုယ် လုပ်ရိုး လုပ်စဥ် တစ်ခုလို တွေ့နေရတာပါ။

အပြည့်အစုံဖတ်ရန်
အတွေးအမြင်

တောသား ဗီဇ

မြို့ကြီးသားလို ဖြစ်ချင်တဲ့ စိတ်က ပြင်းပြပြီး၊ မြို့ကြီးသားလို ဟန်ဆောင်တတ်တဲ့ အကျင့်ဖြစ်ကာ ထူးခြားတဲ့ ဗီဇ တစ်ခုဖြစ်လာလို့၊ ဒီနေရာမှာ ‘တောသား ဗီဇ’ ရယ်လို့ သမုတ်လိုက်ရပါတော့တယ်။

တောမှာမွေးပြီး တောမှာကြီးပြင်းလာသူ တစ်ယောက်ဟာ သူဘယ်နေရာကို ရောက်ရောက်၊ ဘယ်လို ခမ်းနားကြီးကျယ်တဲ့ မြို့ကြီးပြကြီး ရောက်ပါစေ၊ ဘယ်လို တိုင်းကြီးပြည်ကြီးမှာ နေပါစေ၊ တောသား အကျင့်ဇရိုက်ကတော့ ရှိမှာပေါ့။ ဒါပေမဲ့ ကောင်းတဲ့အကျင့်ဆိုရင် ရှိစေမြဲပေမဲ့၊ မကောင်းတဲ့ အကျင့်ထားနေလို့ကတော့ ဗီဇဆိုတာ ဖြစ်လာမှာပါ။

အပြည့်အစုံဖတ်ရန်
အတွေးအမြင်

ထီပေါက်ကိန်း

တကယ်တန်း ထီပေါက်ဂဏန်း ဆိုတာ ဘယ်လိုမှ ကြိုတင် ခန့်မှန်းတွက်လို့ ရနိုင်တာ မဟုတ်ပါဖူး။ တိုက်ဆိုင်တာသာ ရှိနိုင်တာပါ။ ဒါပေမဲ့ ထီပေါက်နိုင်ကိန်း ဘယ်လောက်ရှိသလဲ ဆိုတာကိုတော့ အတိအကျ တွက်နိုင်ပါလိမ့်မယ်။

မိမိမှာ လက်ထဲ ငွေပေါတဲ့ အချိန်များမှာဆိုရင် ထီထိုးဖို့ ထီပေါက်ဖို့ကို စိတ်ဝင်စားမှု မရှိပေမဲ့၊ လက်ထဲမှာ ငွေရှားတဲ့ အချိန်များမှာတော့ ထီထိုး ထီပေါက်ချင်တဲ့ ဆန္ဒ အင်မတန် ရှိပါတယ်။ အဲသည်လို ဆန္ဒ ရှိလာတဲ့ အခါများမှာတော့ ထီပေါက်ကိန်း နဲ့ ထီပေါက်ဖို့ ဖြစ်နိုင်ချေများကို တွက်ချက်လေ့ ရှိတတ်ပါတယ်။

အပြည့်အစုံဖတ်ရန်
အတွေးအမြင်

အင်္ဂလိပ်စကားသည် ဒို့စကား

မြန်မာ မီဒီယာတွေ ဖတ်နေရင်းက မြန်မာစကား မြန်မာစာဟာ ဝေါဟာရဟာ အင်မတန် ဆင်းရဲပြီး သူများ ဘာသာစကားကို တိုက်ရိုက်အသုံးပြုနေရပါလား သဘောပေါက်ပါတော့တယ်။

ဟိုအရင်ကဆိုရင် မြန်မာစာ မြန်မာဘာသာ စကားကို အင်မတန်မှ ဂုဏ်ယူ ဝံ့ကြွားမိခဲ့ရတယ်။ မိမိကိုယ်တိုင်ကလည်း မြန်မာစာ မြန်မာစကားဟာ မိခင်ဘာသာ စကားဖြစ်လေတော့ မြန်မာစကားရဲ့ ဂုဏ်ယူစရာတွေ ကို လေ့လာကြည့်ခဲ့တယ်။

အပြည့်အစုံဖတ်ရန်