အင်တာနက်ပေါ်က မြန်မာစာလုံးများ

မိမိ အနေနဲ့ အခု အင်တာနက် ပေါ်ကနေ မြန်မာစာလုံးများ အသုံးချ ရေးတော့မယ် ဆိုတော့ – ဒီအချိန်မှာ ‘စာကလေးငှက်’ လမ်းစဥ်လိုက်မလား၊ ‘လူသား’ လမ်းစဥ် လိုက်မလား လို့စဥ်းစားမိပါတယ်။

ဒီနေ့ အင်တာနက်ပေါ်မှာ မိမိရဲ့ စာမျက်နှာများကို အသစ်ပြန်တည်ဆောက်ပြီး စာရေးတော့မယ် ဆိုတဲ့အခါ၊ ပထမ မြန်မာစာလုံးတွေ မှန်မှန်ကန်ကန် ပုံပေါ်စေဖို့ အဆင်အပြင် လုပ်ရပါတယ်။ တချိန်တုန်းက ဒါဟာ တကယ့် ပြဿနာ ဖြစ်ခဲ့ပေမဲ့ အခုမှာတော့ နည်းပညာ ပြောင်းလဲတိုးတက် လာတာနဲ့အတူ အလွန်လွယ်ကူတဲ့ အဖြေရှိသွားပါပြီ။

အပြည့်အစုံဖတ်ရန်